ဟင်္သာတ ၊ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး (Talk Show)ကို ယနေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းရှိန်က Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ အငြိမ်းစား ကျောင်းဆရာမကြီး ဒေါ်တင်တင်လှိုင်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတတိုးပွါးစေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး အကျဉ်းချုပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်