ဘီးလင်း နိုဝင်ဘာ ၂၄
သထုံခရိုင်၊ ဘီးလင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centerခန်းမ ၌ ယနေ့ မွန်းလွဲ ၁ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာ ပေးဟော ပြောပွဲနှင့်စာအုပ်ပြပွဲ ကို ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးမျိုးမျိုးစံ က အမျိုးသား အောင်ပွဲနေ့ စတင်ပေါ်ပေါက်လာပုံ ၊ ကျောင်းသားသပိတ်မှောက်ရာမှအစပြု၍ အမျိုးသားရေး စိတ်ဓါတ်များ ပိုမိုရင့်သန်လာပြီးအမျိုးသားကျောင်းများပေါ်ပေါက်လာပုံ၊ သပိတ်မှောက်ရန်သစ္စာဆို အဓိဌာန်ပြုခဲ့ကြသည့် ကျောင်းသား(၁၁) ဦးတို့၏ အမည်များကို မှတ်သားသိရှိနိုင်ရေး ပညာပေးဟော ပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့်ကျောင်းသား၊ကျောင်းသူများက ပြသထားသော စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ထူးနောင် ဘီးလင်း (ပြန်/ဆက်)