မိုးညှင်းမြို့၌ စာဆိုတော်နေ့အထိမ်းအမှတ်အကြို ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုးညှင်း   နိုဝင်ဘာ   ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် စာဆိုတော်နေ့ အထိမ်းအမှတ်အကြို ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ သည်။

ရှေးဦးစွာ အစည်းအဝေးတွင် မိုးညှင်းမြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးခင်မောင်ဦး က ၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း (၁)ရက်နေ့တွင် ကျရောက်မည့် စာဆိုတော်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဖတ်ခြင်းအစီအစဉ်နှင့် စာပေဟောပြောခြင်းအစီအစဉ်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူးဦးတင်ဦးက အခမ်းအနား အစီအစဉ်များ ပြုလုပ်ဆောင်ရွက်ထားရှိမှုအခြေအနေများကို  ရှင်းလင်းတင်ပြကာ အဖွဲ့ဝင်များမှ သိရှိလိုသည်များကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

 ဇွဲသူရအောင်