မိုးညှင်း နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန(Red Ready) စီမံချက်မှ ဆောင်ရွက်မည့် “စေတနာလုပ်အားရှင် စီမံခန့်ခွဲမှုသင်တန်း”ဖွင့်ပွဲကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့ ရှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိုးညှင်းခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက် ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နှင်းဖြူဖြူမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍမှာ အခြေခံကျပြီး အရေးကြီးတဲ့လူသားအရင်းအမြစ်ဖြစ်သည့် စေတနာလုပ်အားရှင် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအဖြစ် လည်းကောင်း၊ အသင်းဝင်လှုပ်ရှားမှုများကို စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ရတဲ့ စေတနာလုပ်အား ရှင်တို့၏ လူမှုဂရုဏာ စွမ်းဆောင်ရည်ကိုမြှင့်တင်ရန်နှင့် မိမိမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကိုက်ညီသော စေတနာလုပ်အားရှင်စီမံခန့်ခွဲမှုစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်အတွက်လည်းကောင်း ရည်ရွယ်ပြီး ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ခရိုင်/မြို့နယ်အမှုဆောင်များ၊ ကြက်ခြေနီအရာရှိများနှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်း(၃၀)ဦး တက်ရောက်ပါဝင်ကြပြီး သင်တန်းကာလမှာ နိုဝင်ဘာ(၂၄)ရက်နေ့မှ (၂၆)ရက်နေ့အထိ သင်တန်းဆရာမ ဒေါ်နှင်းဖြူဖြူမြင့်နှင့် သင်တန်းဆရာ ဦးရဲမင်းတို့က သုံးရက်တာကာလအနေဖြင့် ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်