မော်လမြိုင်ကျွန်းမြို့နယ်တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့်စာအုပ် ပြပွဲကျင်းပ

မော်လမြိုင်ကျွန်း၊  နိုဝင်ဘာ  ၂၄

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်တွင် (၁၀၁) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲနှင့် စာအုပ် စာစောင်ခင်း ကျင်းပြသပွဲအား ယနေ့နေ့လယ် ၂ နာရီအချိန်က  မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပဆောင်ရွက်သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းယုမော် က အမျိုးသား‌အောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဆောင်ပုဒ်နှင့် ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသော ကျောင်းသားကြီး (၁၁) ဦးစသည်တို့အား ကျောင်းသားကျောင်းသူလေးများအား ရှင်းလင်း ပြောကြားခဲ့ပြီး ကျောင်းသား ကျောင်း သူလေးများ စာအုပ်စာပေချစ်ခင်မြတ်နိုးတတ်စေရေးနှင့် သုတ/ရသစာပေများရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်၍ စာအုပ်စာ‌စောင်များခင်းကျင်းပြသ မိတ်ဆက် ပေးခဲ့ကြောင်းသိရသည်။

 

အောင်အောင်(ပြန်/ဆက်)