ကာလိ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာအုပ်စု၌ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက်(၁၀) နာရီအချိန်ခန့်က ဝမ်ဆတ်ကျေးရွာရှိ လယ်ကွင်းအမှတ်(၁၂) ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆောင်ရွက်မှုတွင် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးမှူး ဦးမောင်မောင်ခိုင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေးနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများတို့က ပူးပေါင်းပြီး ဝမ်ဆတ်ကျေးရွာရှိ တောင်သူဦးကြီး ဦးစိုင်းပညာလယ်ကွင်းတွင် DU 12 မိုးစပါးရိတ်သိမ်းရာတွင် တစ်ဧကလျှင် တင်း(၉၅) ခန့်ထွက်ရှိခဲ့ပြီး ဒေါ်ပါမို ဒေသစိုက် ခေါက်ဆန်မွန်စပါးရိတ်သိမ်းရာတွင် တစ်ဧကလျှင် တင်း (၇၀)ခန့် ထွက်ရှိခဲ့ကြောင်းသိရသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ နောက်လာမည့်နှစ်များတွင် မိုးစပါး စိုက်ပျိုးနိုင်ရန် DU 12 မိုးစပါးမျိုးများဖြင့် ပြည်သူများအား ဆက်လက်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးစိုင်းငွေလေးထံမှ သိရသည်။
ဝင်းကျော်(ကာလိ)