မိုင်းငေါ့ နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် ၊ မိုင်းငေါ့မြို့တွင် (၁၀၁) နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို ယနေ့ နံနက်ပိုင်းက ပြန်းကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ၊ ပြည်သူလူထုများအား အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ ၊အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားရေးစိတ်ဓါတ်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကိုသပိတ်မှေက်ရန် သစ္စာဆို အဓိဌာန် ပြုလုပ်ကြသော ကျောင်းသားကြီး (၁၁)ဦး၊ ကဗျာ၊ ဆောင်ပုဒ်များ စသည့်အကြောင်း အရာများ ပါဝင်ကြောင်း သိရှိရပါသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)