လယ်ဝေး နိုဝင်ဘာ ၂၄
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မူလတန်း (အထက်ဆင့်) ကဗျာရွတ်ပြိုင်ပွဲ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြော ကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့၊ မူလွန်(ဗဟို)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ကဗျာရွတ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။
ထို့နောက် ပထမဆုရရှိသူ စတုတ္ထတန်းမှ မခင်ဟံသာ၊ ဒုတိယဆုရရှိသူ မဒီဒီထက်ရူပါ၊ တတိယဆု များရရှိကြသည့် မအိသူသူဟန်နှင့် မခြူးခေတ်သန္တာတို့အား မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူလေးများအား (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲ နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များပြသခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)