အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာဘာသာနှင့် ပိုးကရင်ဘာသာ​စကားတို့ဖြင့် အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာအသံချဲ့စက် ဖြင့်ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈) ရက် နေ့တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အား
Nov 25,2021
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့်  အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်စာစောင်းများကို ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
Nov 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအလယ်တန်းကျောင်း၌ ယမန်နေ့နေ့လည် ၁နာရီက(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကိုကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2021
ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့ပေါ်ရပ်ကွက် အတွင်း အသိပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
Nov 25,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၄) ဝေဋ္ဌုဝန်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 25,2021
၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့ တွင် ကျရောက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ကို ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ စည်ပင်သာယာစျေးများနှင့် လူစည်ကားရာ လက်ဘက်ရည်ဆိုင်များတွင် အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။