ပလောက် နိုဝင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အသိပညာပေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ (၂၈) ရက် နေ့တွင်ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အား ကြီုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေဖြန့််ချီသည့် သတင်းစကား လက်ကမ်း စာစောင် များအားအများ ပြည်သူများထံသို့ အချိန်မှီသိရှိနိုင်စေရန်နှင့် ၊နိုင်ငံတော်၏ နေ့ကြီးရက်ကြီးများအား သိရှိနိုင်စေရန် ရည်ရွယ်ချက် များဖြင့် ယနေ့နံနက်(၈)နာရီခွဲအချိန်က ပလောက်မြို့ ဦးစီးမှူးနှင့်ဝန်ထမ်းများက ရပ်ကွက်နေ ပြည်သူများနှင့် အခြေခံပညာ အထက်တန်း ကျောင်းများတွင် ဝေငှပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ မိန့်ခွန်း ကောက်နုတ်ချက်များ၊ အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်း တို့ကို အများပြည်သူများ ဗဟုသုတရစေရန် ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။
နှင်းမြူလွင် ပလောက်