ငရုတ်ကောင်းမြို့၊ရေကျော်ကျေးရွာအလယ်တန်းကျောင်း၌အမျိုးသားအောင်ပွဲနေ့အကြိုအသိပညာ ပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ငရုတ်ကောင်း နိုဝင်ဘာ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအလယ်တန်းကျောင်း၌ ယမန်နေ့နေ့လည် ၁နာရီက(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကိုကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးမှူးဒေါ်ကျော်မာလာလွင်က ရေကျော်ကျေးရွာ အလယ်တန်း ကျောင်းမှကျောင်းသူ၊ကျောင်းသားများအားအမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း အားပြောကြားပြီး၊ အမျိုးသား နေ့နှင့်ပတ်သတ်သည့်စာအုပ်၊စာစောင်များ၊ သုတရသစာအုပ်များ ကိုပြသပေးခဲ့ကြောင်းနှင့် အမျိုးသားနေ့ ပတ်သတ်သည့် ပန်းချီ၊ကာတွန်းဆောင်း  ပါးများတို့ကိုပြသပေးခဲ့ကြောင်းသိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)