Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် '' သတင်းစကား '' လက်ကမ်း စာစောင် များဖြန့်ဝေ
Nov 25,2021
စစ်ကိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်နေ့တွင် ကျရောက်မည့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် " သတင်း စကား" လက်ကမ်းစာစောင်များကို လူစည်းကားရာနေရာများဖြစ်သော မြို့မဈေး၊ ရွှေမင်း ဝံရပ်ကွက်၊ ရွှေမင်းဝံလေ့ကျင့်ရေးအထက်တန်းကျောင်း၊ ၂၃.၁၁.၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ အ.လ.က-ခွဲ (ပါရမီ၊ အ.ထ.က(၁)မြို့မကျောင်းများသို့ ၂၄.၁၁.၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ ခရိုင်ဒုတိယ ဦးစီးမှူးနှင့် ဝန်ထမ်းများအား သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့နယ်တွင် ဦးတည်အုပ်စုများ ဖြစ်သည့် ရွှေတိဂုံစေတီတော် ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်
Nov 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် ရွှေတိဂုံ စေတီတော်ရင်ပြင် တောင်ဘက်စောင်းတန်းအနီးရှိ ရှေးဟောင်းရုပ်ပွားတော်များ တန်ဆောင်းတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဆေးထိုးနှံရာတွင် ဦးတည်အုပ်စု များဖြစ်သည့် ရွှေတိဂုံ စေတီတော်ဝန်ထမ်း စုစုပေါင်း (၄၂၀) ဦး ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၁၀) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၃၂၂) ဦးရှိ
Nov 25,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၂၄)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၂၃၆) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့်စစ်ဆေးခဲ့ရာ (၁၀) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့ လူနာသစ် (၁၀)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်ဆေးရုံကြီးတွင် (၆) ဦး၊ ဘောလခဲ မြို့နယ်ဆေးရုံတွင်(၁)ဦး၊ ရွာသစ်တိုက်နယ် ဆေးရုံတွင်(၁)ဦး၊ ဖားဆောင်မြို့နယ် ဆေးရုံတွင်(၁)ဦး၊ မယ်စဲ့မြို့နယ်ရှိ (PMC)များတွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်တွင် ၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လည်(၀၂:၀၀)နာရီအချိန်က မွေတော်ကျောင်းလမ်းဆုံ လူစည်ကားသောနေရာများတွင် စောင်ရေ(၂၅၅)စောင်အား လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံရသည့် ဆရာမကြီးအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရေ…
Nov 25,2021
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများသည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၉) အခြေခံပညာ အထက်တန်း ကျောင်း ရွှေသွေးခန်းမ၌ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ပုဂ္ဂိုလ် ရွေးချယ်ခံရသည့် ဆရာမကြီးဒေါ်ခင်အေးမူအား ဂုဏ်ပြုသည့်အခမ်းအနားသို့ တက်ရောက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရုံးပိတ်ရက်များတွင် ဖူးမြော်ချိန် တိုးမြှင့်ဖွင့်လှစ်မည်
Nov 25,2021
ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် စနေ၊ တနင်္ဂနွေနှင့် အများပြည်သူရုံးပိတ်ရက်(အစိုးရရုံးပိတ်ရက်)များတွင် နံနက်(၅)နာရီမှ ည(၇)နာရီထိ ဖူးမြော်ချိန် တိုးမြှင့် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က၊ ယနေ့တွင် အသိပေး ကြေညာထားသည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့ စည်ပင်သာယာဈေးကြီးနှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့် စားသောက်ဆိုင်များ၌ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်၌( Mask Campaign) ပြုလုပ်ဆောင်ရွက်
Nov 25,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ များ နေအိမ်ပြင်ပထွက်တိုင်း (Mask) မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး (Mask Camapaign)ကို ယနေနံနက်၁၀နာရီအချိန်တွင် လူစည်ကားရာနေရာဖြစ်သော မြန်မာ့စီးပွားရေးဘဏ် မြို့နယ်လျှပ်စစ်ရုံးတို့တွင် ဆောင်ရွက်ခဲ့သည် ပါးစပ်/နှခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာ ပေး ဆောင်ရွက်ရာတွင် မြန်မာ့စီးပွားဘဏ်၌ ပင်စင်လာထုတ်သူများနှင့် မြို့နယ်လျှပ်စစ်ရုံးတို့တွင် မီတာဆောင်သူများအား စနစ်တကျ (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ခဲ့ပြီး Mask တပ်ဆင်ခြင်းမရှိသူများအား Maskအခု ၁၆၀၀ အားအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည် (Mask Canpaign) ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဉီးစီးဌာနဝန်ထမ်းများ၊ ကျန်းမာရေးဌာန မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23949
Page
23950
Page
23951
Page
23952
Current page
23953
Page
23954
Page
23955
Page
23956
Page
23957
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department