(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပုလော    နို၀င်ဘာ   ၂၅

၂၀၂၁ ခုနှစ်၊ နို၀င်ဘာလ ၂၈ ရက်နေ့ တွင် ကျရောက်သည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ကို ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများက ယနေ့နံနက်ပိုင်းက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ၊ စည်ပင်သာယာစျေးများနှင့် လူစည်ကားရာ လက်ဘက်ရည်ဆိုင်များတွင် အခမဲ့ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

အဆိုပါ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် တွင် ၂၀၂၁ ခုနှစ် ၊ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက် များ၊ အမျိုးသားပညာရေး၊ အမျိုးသားရေး စိတ်ဓာတ်၊ ပညာရေးကဏ္ဍသည် အရေးကြီး၊ အေးအတူ ပူအမျှ၊ ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး (၁၁) ဦး၊ မျိုးချစ် စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ်ရှင်သန် ဇာတိမာန်၊နိုင်ငံသာယာ၀ပြောဖို့ တိုင်းရင်းသားအားလုံး စည်းလုံး ညီညွတ်စို့၊ ဘုန်းရှင့်မြန်မာ့ တို့မြန်မာ့ ကဗျာများ ဖော်ပြပါရှိကြောင်း သိရပါသည်။

အေးအေးမော်(ပုလော ပြန်/ဆက်)