အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသခံတောင်သူများ တစ်ပိုင်တစ်နိုင် ငါးမွေးမြူးရေးလုပ်ငန်း ဆောင်ရွက်လုပ်ကိုင်ရာတွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်များနှင့် အညီ စနစ်တကျ မွေးမြူထုတ်လုပ်နိုင်စေရန်အတွက် ဖွင့်လှစ်သည့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၂၄ ရက် ၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ကျွဲတိကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 25,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၏ လမ်းညွှန်မှုအရ ကုသရေး Centre များအတွင်း နာမကျန်းဖြစ်နေသည့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test- Kit ဖြင့် ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံဓာတ်ခွဲခန်းတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် ပြင်ပလူနာ(၇)ဦးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးပေးရာ ရောဂါပိုးမတွေ့ရဘဲ တကူ(စံပြ)တိုက်နယ်ဆေးရုံတွင်တာဝန်ခံ ဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် လူနာ(၅)ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test-Kit ဖြင့်စစ်ဆေးရာ လူနာသစ်(၁)ဦးတွင် ရောဂါပိုးအတည်ပြုတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ သိရှိရသည်။
Nov 25,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အထက၊ တံတားဦးတို့ ပူးပေါင်းပြီး (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပွဲကို ယနေ့နံနက်(၉)နာရီက မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပကြောင်းသိရသည်။
Nov 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများအား ကျေးရွာနေပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ပအိုဝ်း၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ဟွေးကျေးရွာအုပ်စု၊ ဇလဲကျေးရွာ၌ ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 25,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသို့ မင်းဘူး(စကု)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျောင်းသား/ကျောင်းသူများ၏ စာသင်ကြားမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ညွှန်ကြားချက်များအား သိရှိလိုက်နာနိုင်ရန် အရှိန်အဟုန်မြှင့်အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ကြေညာခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ကမမောင်းမြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက်ပိုင်းက  ပြည်သူများထံ အသိပေးနှိုးဆော်ကြေညာခဲ့သည်။
Nov 25,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ တာ၀န် ရှိသူများပါ၀င်​သော ပူး​ပေါင်းအဖွဲ့သည် ယမန်​နေ့နံနက် (၈း၀၀)နာရီအချိန်က ကိုဗစ်-၁၉​ရောဂါ တားဆီး ကာကွယ်​ရေးလုပ်ငန်းများ​ ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
Nov 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်းက ၂၀၂၁ ခုနှစ် ၁၀၁ နှစ်မြောက် အမျိုသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် မြို့တွင်းရှိ ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။