အမြို့မြို့အနယ်နယ်သတင်းများ

Nov 25,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသခံတောင်သူများ အတ္တရံမြစ်ရေကို အမှီပြု၍ ခရမ်း ထောပတ်သီးပင်များ စတင်စိုက်ပျိုးလုပ်ကိုင်နေကြပြီး ဖြစ်ကြောင်း နတ်စမ်းကျေးရွာရှိ ခရမ်းသီး စီးပွားဖြစ် စိုက်ပျိုးနေသော ဒေါ်စမ်းမော်ကပြောသည်။
Nov 25,2021
မိတ္ထီလာမြို့ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ရက်ကန်းစက်မောင်းနှင့် စက်ပြင် သင်တန်းအား ဒေသအတွင်းလူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်ချက်ဖြင့် နှစ်လကြာဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း အဆိုပါရက်ကန်းသင်ကျောင်း ကျောင်းအုပ်ဦးသာဝ ထံက သိရသည်။
Nov 25,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ရုံး လူထုအခြေပြုဗဟိုဌာန (Community center) ခန်းမတွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများအသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေး (Talk Show) အစီအစဉ်ကို ယမန်နေ့ ညနေ ၄ နာရီအချိန်တွင် ကျင်းပ ဆောင်ရွက်ကြောင်း သိရသည်။
Nov 25,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ ရွှေဘုံသာဘုရား၊ ဓမ္မာရုံတွင် ယမန်နေ့ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ သထုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 25,2021
ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မိုင်းလီကျေးရွာအုပ်စု ပန်းမက်ကျေးရွာ သို့မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်မတည်ရန်ပုံငွေ ထုတ်ချေးပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 25,2021
မိတ္ထီလာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးစီးသော အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းသား။ ကျောင်းသူများအား နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး အဆိုပါ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Nov 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အ.ထ.ကကျောင်း၌ အသက်(၁၈)နှစ်အထက် စတုတ္ထသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးလာရောက်ထိုးနှံသူ (၈၈၅)ဦး ရှိကြောင်း သိရသည်။