လှိုင်းဘွဲ အောက်တိုဘာ ၂၅
ကရင်ပြည်နယ်၊ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက (၁၀၁)နှစ်မြောက်အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး နံရံကပ်စာစောင်းများကို ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာခြင်းအကြောင်းအရာများ၊ အမျိုးသား ပညာရေးကဏ္ဏ၊ အနာဂတ်ကောင်းဖို့ အမျိုးသားတို့တာဝန်၊ ၂၀၂၁ခုနှစ်၊(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၏ ဦးတည်ချက်များ၊ ၁၉၂၀ ပြည့်နှစ် သပိတ်မှအစပြု၍ မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည်အထိ ပြည်သူလူထုတစ်ရပ်လုံး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားရေး စိတ်ဓါတ်များ အပြင်းအထန် ပေါ်ပေါက်လာခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုးကို အစဉ်စောင့်ရှောက်ခြင်း တည်းဟူသော ဝံသာနုရက္ခိတ တရားကို အခြေခံသည့် အမျိုးဘာသာ၊ သာသနာကို ကာကွယ် စောင့်ရှောက်ခြင်း၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ အမျိုးသားရေး အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်ခြင်း၊ အတုယူသင့်သော အမျိုးသားရေးစိတ်ဓာတ် စသည့် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)