သရက်ချောင်းမြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေး နှိုးဆော်

သရက်ချောင်း  နိုဝင်ဘာ  ၂၅

ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့နံနက်(၁၀)နာရီအချိန်မှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများက မြို့ပေါ်ရပ်ကွက် အတွင်း အသိပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာ‌ပေးနှိုးဆော်မှုဆောင်ရွက်ရာတွင် နေအိမ်အတွင်း၌သာနေထိုင်ရန်၊ နေအိမ်တွင် ဧည့်သည်လက်ခံခြင်းမပြုရန်၊ မိမိကိုယ်တိုင်လည်း ဧည့်အဖြစ်သွားလာခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် (Mask)နှာခေါင်းစည်းစနစ်တကျ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုဆပ်ပြာဖြင့်စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ အသုံးပြုပြီးသော (Mask)နှင့်တစ်ခါသုံး ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်တို့ကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မိမိတို့အနေဖြင့် ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူရန် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသည့် ပြန်ပွားမှုများ ကြိုတင် ကာကွယ်ရန် မိဘပြည်သူများအနေဖြင့်လည်း ကျန်းမာရေး၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို စနစ်တကျ ပူးပေါင်းပါ၀င်ဆောင်ရွက်ပေးကြရန်တို့ကို အသိပေးနှိုးဆော် တိုက်တွန်းခဲ့ကြောင်းသိရသည်။

အေးနွယ်၀င်း