မင်းဘူးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်းဆောင်ရွက်

မင်းဘူး နိုဝင်ဘာ         ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနှင့် အမှတ်(၄) ဝေဋ္ဌုဝန်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ ပူးပေါင်း၍ မင်းဘူးမြို့ရှိ အခြေခံပညာကျောင်း များ၌ တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက် လာစေရန် အတွက် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ၂၀၂၁ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ ပြန်/ဆက်ဉီးစီးဌာနက ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်ပါ အချက်အလက်များနှင့် အမျိုးသားနေ့ အကြောင်း သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် နံရံကပ်ပြဘုတ်ကို ခင်းကျင်းပြသ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်/ဆက်ဝန်ထမ်းများနှင့် ကျောင်းဆရာ/ဆရာမများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ဝေသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)