ညောင်တုန်းမြို့တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်း စာစောင်များဖြန့်ဝေ

ညောင်တုန်း    နိုဝင်ဘာ    ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက စာသင်ကျောင်းများနှင့် လူစည်ကားရာ နေရာတို့တွင် ဖြန့်ဝေပေးခဲသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ အကြောင်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန် ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်၏ (၁၁.၄.၂၀၂၁)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအားတွေ့ဆုံ ပြောကြားသည့် အမှာစကားမှ ကောက်နုတ်ချက်များ၊ ၂၀၂၁ ခုနှစ်အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက် များ၊ အမျိုးသားရေးစိတ်ဓာတ်၊ အမျိုးသားပညာရေး အစရှိသည့် အကြောင်းအရာများ ထည့်သွင်းဖော်ပြထားကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)