တံတားဦးမြို့နယ်တွင် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

တံတားဦး နိုဝင်ဘာ ၂၅

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်၌ ၁၃၈၃ ခုနှစ် တန်ဆောင်မုန်းလဆုပ်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်  သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အထက၊တံတားဦးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် နွားကျော်ဒဈေး တို့တွင် ဖြန့်ဝေပေးကြောင်းသိရသည်။

အဆိုပါ အထိမ်းအမှတ်လက်ကမ်းစာစောင်တွင်  ၂၀၂၁-ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ ဦးတည်ချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၁.၄.၂၀၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံ ပြောကြားသည့် အမှာစကားကောက်နုတ်ချက်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပ‌ဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏ အမည်များ၊ အမျိုးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာသည့် သမိုင်းအကြောင်းအရာများ၊ ရေနံ့သာမောင်ကျော်ညွန့်ရေးသားသော ဘုန်းရှင့်မြန်မာတို့မြန်မာ ကဗျာ၊  အမျိုးသားရေးစိတ်ဓာတ်၊ အစရှိသည့်အကြောင်းအရာများ ပါဝင်သော သတင်းစကားလက်ကမ်းစာစောင်ကို အခမဲ့ဖြန့်ဝေပေးကြောင်းသိရသည်။

ရဲတင့်(တံတားဦး)