ပင်းတယ နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လတာကာလအတွင်း၊ ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကုမ္ပဏီများမှ တင် သွင်းလာသည့် အိတ်ဖွင့်တင်ဒါများအား ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားအား ယနေ့ နေ့လည် ( ၁ ) အချိန်က ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၂) တွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ တင်ဒါ လက်ခံရေးနှင့် စီစစ်ရွေးချယ်ရေးကော်မတီဉက္ကဌ ဦးအာကာလင်းမှ အဆိုပြုလွှာ တင်သွင်း ထားသော ကုမ္ပဏီများအား တင်ဒါရွေးချယ်ရေး ကော်မတီဝင်များမှ ယနေ့ ဆောင်ရွက်သည့် လုပ်ငန်းများကို ပွင့်လင်း မြင်သာစွာဖြင့် ချပြဆွေးနွေးခဲ့ကြပြီး၊ ညွှန်ကြားချက်များနှင့်အညီ စီစစ်ရွေးချယ်ခဲ့ကြောင်းနှင့် အဆိုပါ လုပ်ငန်းများကို တင်ဒါ ခေါ်ယူရာတွင် သက်ဆိုင်ရာ ကြော်ငြာသင်ပုန်းများနှင့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးများရှိ ကြော်ငြာ သင်ပုန်း များတွင် ကပ်ထားကြော်ငြာခြင်းများကို ဆောင်ရွက်ခဲ့ပြီး တင်ဒါ လျှောက် ထားမှုများ ရှိလာ ပါသဖြင့် ယခုလို ပွင့်လင်းမြင်သာစွာဖြင့် တင်ဒါများစီစစ်ရွေးချယ်ပေးခဲ့ကြောင်း အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ( အောက်တိုဘာလမှ မတ်လအထိ ) ဆောင်ရွက်ရမည့် ငွေလုံးငွေရင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူရေးဆောင်ရွက်ခဲ့ရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပင်းတယမြို့နယ်နှင့် ရွာငံမြိ့နယ်များမှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်တင်ဒါစီစစ်ရွေးချယ်ရေးအဖွဲ့ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တင်ဒါ အဆိုပြုတင်သွင်းထားသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးအေးလတ်
ပင်းတယ(ဒေသ ပြန်/ဆက်)