မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ မိမိနေရပ်လက္ကာကျေးရွာသို့ ပြန်လည် ရောက်ရှိလာသော ပြည်သူများအတွက် ထောက်ပံ့ငွေနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်

မြောက်ဦး  နိုဝင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲရှောင်စခန်းများတွင် လာရောက် ခိုလှုံလျက်ရှိသော လက္ကာကျေးရွာမှ ကျေးလက်နေ ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြောက်ဦးခရိုင်ဘေးအန္တ ရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ အဆိုပါကျေးရွာသို့ သွားရောက်၍ ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက္ကာကျေးရွာရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၃၂၂)စုမှ လူဦးရေ(၁၅၅၅)ဦးအနေဖြင့် နေမြေဒေသ အခြေအနေကောင်းမွန်လာပြီဖြစ်၍ ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့ သွားရောက် နေထိုင်မည့် လက္ကာကျေးရွာနေ ဒေသခံပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးကြပ်စီစဉ်မှုဖြင့် ပြန်လည်ဝင်ရောက်နေထိုင်မည့် ကျေးလက်နေ ပြည်သူများအတွက် အိမ်ထောင်စု တစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါ Family Kit ဗူးကြီးတစ်ဗူး၊ တာပေါ်လင်စ အလျား(၁၈)ပေ၊ အနံ(၆)ပေရှိ တာပေါ်လင်စ တစ်စစီအား လည်းကောင်း၊ အိမ်ထောင်စုပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၁၀၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု(၃၂၂)စုတို့အတွက် ထောက်ပံ့ငွေကျပ် စုစုပေါင်း (၃၂၂၀၀၀၀၀) သိန်း၊ ပြန်လည် ပြောင်းရွှေ့လာသော အိမ်ထောင်စုဝင်အားလုံးအတွက် ဆန်ရိက္ခာ(၁)လစာ အတွက် ဆန်(၄၈၅)အိတ်၊ (၂၂) ပြည်၊ (၄)ဗူးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူကြီး တင်ထူးလှိုင်၊ ခရိုင်ဦးစီးမှူး ဦးစန်နီနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ထောက်ပံ့ ပစ္စည်းများအား ထောက်ပံ့ပေးအပ်ရာ လက္ကာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားများမှ လက်ခံရယူကြသည်။

အဆိုပါ နေရပ်ပြန် ပြည်သူများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးတင်ထူးလှိုင်၊ ခရိုင်ဒုတိယရဲမှူးကြီး ခင်မောင်စိုး၊ မြောက်ဦးခရိုင်ဘေး အန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်နီနှင့် လက္ကာကျေးရွာနေ ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)