အမြို့မြို့အနယ်နယ်သတင်းများ

Nov 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို့မြို့တွင် ပေါ်ဆန်းရင်(ရွှေဘိုပေါ်ဆန်း) မျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးကွဲနုတ်ပယ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀နာရီက အောင်ချမ်းသာကျေးရွာရှိ တောင်သူ ဦးဆန်းဝင်း၏ ပေါ်ဆန်းရင်(RS) မျိုးသန့်စိုက်ခင်း(၃)ဧကတွင် ကျင်းပပြုသည်။
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်းစေရေး အတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကဝမြို့ပေါ်ရပ်ကွက်များနှင့် မိုးဂနိမ်း၊ မိုးမြန်မာ၊ ပေါက်ကုန်းကျေးရွာများ၌ လူနေထူထပ်သည့် လမ်းဆုံလမ်းခွ နေရာများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 26,2021
(၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ပြိုင်ပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၃ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပ ခဲ့သည်။
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းသား/သူများနှင့် ပြည်သူများ အား (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ပေါက်ခေါင်းမြို့ရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
Nov 26,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေ ပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Nov 26,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ မြို့မဈေးကြီးအတွင်း၌ ဈေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ    (၁၀၁)နှစ်မြောက်  အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီက လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။