Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟိုပုံးမြို့နယ်၌ အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်
Nov 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ စာသင် ကျောင်းများယနေ့နံနက်(၈)နာရီအချိန်မှ ပြန်လည်ဖွင့်လှစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁) ကျင်းပ
Nov 30,2021
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ
Nov 30,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကွဲမှု အောက်ရှိ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ် တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် အဆိုပါ သင်တန်း ကျောင်းသင်တန်းခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်မှတက်ရောက်၍ သင်တန်း ဖွင့်အမှာစကားပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ် UMFCCI တွင်အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (အ- ၈/၁၉-၂၂) ကျင်းပ
Nov 30,2021
လမ်းပတော်မြို့နယ် UMFCCI တွင် ကုန်သည်စက်မှုအသင်းချုပ်၏အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး (အ- ၈/၁၉ -၂၂) ကို ယမန်နေ့တွင် Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အဖွင့်အမှာ စကားပြောကြားခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေးနှင့် အလုပ်သမားများ ကာကွယ်ဆေးထိုးနှံရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ မူဝါဒရေးရာနှင့် သုတေသန စာတမ်းများ အကြံပြု တင်ပြခြင်းများ ဆောင်ရွက်ရန်ရှိခြင်း၊ စီးပွားရေးဆိုင်ရာ သင်တန်းများလည်း ဖွင့်လှစ်လျက် ရှိခြင်း၊ အသေးစား၊ အလတ်စား၊ လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက် MSME Association of Myanmar အောင်မြင်စွာ တည်ထောင်နိုင်ခဲ့ပြီး အသင်းချုပ်တွင် MSME Service Centre ထားရှိ၍ ယင်းမှတစ်ဆင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များအား ကူညီပြီးဆောင်ရွက်ဖို့စီစဉ်လျက်ရှိခြင်း၊ အသင်းချုပ်၏ သတင်း အချက်အလက် များ သိရှိနိုင်ရန် Mobile App တည်ထောင်ထားရှိခဲ့ခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်ထား ရှိကြောင်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Nov 30,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက်အရ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စုစာရင်းရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီအချိန်က စတင်၍ ခရမ်းမြို့အမှတ်(၉)ရပ်ကွက် ကံဦးကျောင်းတိုက် ဓမ္မာရုံတွင် ခရမ်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်း နှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့နယ်တွင်“ပန်းခင်း”စီမံချက်ဖြင့်ကျေးရွာများအရောက်နိုင်ငံသားစိစစ်ရေးကတ် များ ဆောင်ရွက်ပေးလျက်ရှိ
Nov 30,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် “ပန်းခင်း”စီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းများကို စီမံချက်များချမှတ်၍ သတ်မှတ် ထားသော ကျေးရွာအုပ်စုများ အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကရိုးစုံကျေးရွာ အုပ်စုတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များအား ပြည်သူများ ပိုမိုသိရှိနိုင်ရေး မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်မှုများဆောင်ရွက်
Nov 30,2021
လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိ လိုက်နာနိုင်ရေး အသိပေးနှိုးဆော်မှုများအား ရပ်ကွက်များ၊ ကျေးရွာများနှင့် လူစည်ကားရာနေရာများ တွင် မြန်မာ၊ ကယား နှစ်ဘာသာဖြင့် အသံချဲ့စက်များ၊ လက်ကိုင်စကားပြော အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း လွိုင်ကော် မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဆည်တွင်းကျေးရွာတွင်တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသောဘူးပင်များအောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ
Nov 30,2021
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ဆည်တွင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ဘူးပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23850
Page
23851
Page
23852
Page
23853
Current page
23854
Page
23855
Page
23856
Page
23857
Page
23858
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department