ဝမ်းတွင်းမြို့နယ်တွင်“ပန်းခင်း”စီမံချက်ဖြင့်ကျေးရွာများအရောက်နိုင်ငံသားစိစစ်ရေးကတ် များ ဆောင်ရွက်ပေးလျက်ရှိ

ဝမ်းတွင်း  နိုဝင်ဘာ  ၃၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် “ပန်းခင်း”စီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းများကို စီမံချက်များချမှတ်၍ သတ်မှတ် ထားသော ကျေးရွာအုပ်စုများ အလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ကရိုးစုံကျေးရွာ အုပ်စုတွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ “ပန်းခင်း”စီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ဆောင်ကြစို့နှင့် နိုင်ငံသားအခွင့်အရေး၊ မိမိတို့လူမှုရေး၊ အလုပ်အကိုင်ရရှိရေး၊ သွားလာ ရေး၊ ပညာရေးစသည့်လူမှုဘဝများ မြှင့်မားစေနိုင်ရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်များရရှိရေးကျေးရွာများ အရောက်စီမံချက်များရေးဆွဲ၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းကို မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ၊ ဦးတင်ထွန်းထံမှသိရသည်။

အဆိုပါ“ပန်းခင်း”စီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းများကို ရိုးစုံကျေးရွာအုပ်စု၊ ရိုးစုံကျေးရွာ၊ သပြေသာကျေးရွာ၊ မကျီးအုပ် ကျေးရွာတို့မှ နိုင်ငံသား စိစစ်ရေးကတ်ကိုင်ဆောင်ရခြင်းမရှိသေးသူ ကျေးလက်နေ ပြည်သူ (၁၀၇)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်များကိုင်ဆောင်နိုင်ရေး(၃)ရက်တာဖြင့် ကျေးရွာ အရောက်ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုရဲ(ဝမ်းတွင်း)