အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပိတ်ထားသော စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက မယ်စဲ့မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 30,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အခြေခံလူတန်းစား၊ လက်လုပ်လက်စား အိမ်ထောင်စုများအား ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)မှ ထောက်ပံ့၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)မှ ဖြန့်ဝေပေးသည့် ဆန်ရိက္ခာများ အခမဲ့ဖြန့်ဝေပေးလျက်ရှိ ကြောင်း သိရသည်။
Nov 30,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကော့သောင်းမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်း၊    အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက သင်တန်းကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းလင်း တက်ရောက်သင်တန်းဖွင့်အမှာစကားပြောကြားသည်။
Nov 30,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က လှိုင်မြို့နယ်ကြက်ခြေနီ အသင်းခွဲ/တပ်ဖွဲ့၏ ဂုဏ်ပြုပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် လူဦးရေ(၃၅)ဦးခန့် တက်ရောက်ပြီး အစီအစဉ်(၇)ရပ်ဖြင့် ကျင်းပခဲ့သည်။
Nov 30,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းက အသိပညာပေးခြင်းများ ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက် ၉ နာရီက တောင်နောက်ကျေးရွာသို့ကွင်းဆင်းပြီး အသိပညာပေးခြင်းများ နှိုးဆော်ခဲ့ ကြောင်း သိရသည်။
Nov 30,2021
မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion-GMS) စီးပွားရေးကောင်စီ၏ “2nd 2021 Board of Directors’ Meeting” အား နိုဝင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီး ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာဝင်းစည်သူ၊ ဗဟိုအလုပ်အမှု ဆောင်   ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
Nov 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကိုဗစ်-၁၉ ဆိုင်ရာအသိပညာပေးနိုးဆော်မှုများအား ယနေ့ နံနက် ပိုင်းအချိန်တွင် မြို့ပေါ်ရပ်ကွက်များ၌  မြန်မာဘာသာနှင့် စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။