အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2021
 မိတ္ထီလာမြို့တွင် ယနေ့ နိုဝင်ဘာလ ၃ဝ ရက်နေ့၌ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသူကျောင်းသားများ အေးချမ်းစွာဖြင့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
Nov 30,2021
နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝ မြှင့်တင်နိုင်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင်  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၃) ကို ယနေ့ နံနက်(၉)နာရီက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့သည်။
Nov 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေး အလုံးရေ ၂၄၅၄ ကို တပ်မတော်လေယာဉ် ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ ညနေ ၃ နာရီက ရောက်ရှိသည်။
Nov 30,2021
မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှစပြီး မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၇၈ လမ်း၊ ၂၈လမ်း နှင့် ၂၉လမ်းကြားတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Nov 30,2021
တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မူဆယ်နယ်စပ် နန်း‌တော်ဂိတ်မှ ပြန်လည်လက်ခံပေးလျက်ရှိရာ ယမန်နေ့  နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နန်းတော်ဂိတ်သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၁၅၀ ဦး၊ အမျိုးသမီး ၁၆၆ ဦး၊ စုစုပေါင်း ၃၁၆ ဦးကို ပြန်လည်လက်ခံခဲ့သည်။
Nov 30,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေများ တိုးပွားလာစေ ရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ တတိယအကြိမ် ထုတ်ချေးခြင်းကို နားကန်းကျေးရွာအုပ်စု ၊ နားလင်လိုင်ကျေးရွာနှင့်ကောင်းဟုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Nov 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့မဈေး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စု ပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၀၉၀၀)နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြ ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှသိရသည်။