ရမည်းသင်း နိုဝင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ဆည်တွင်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ထားသော ဘူးပင်များ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
အဆိုပါ ဘူးပင်များ စိုက်ပျိုးရာတွင် (၅)ရက်တစ်ကြိမ်ရေလောင်းပေးရကြောင်း ပိုးသတ်ဆေး အသီးအားဆေးများ ပတ်ဖျန်းပေးရကြောင်းနှင့် မိုးဦးရာသီစိုက်တော့ မိုးရေနဲ့ မြေအစိုဓာတ် ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှု မြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာမှာအပင်သန်ပြီး အပင်အပြု အစုကောင်းပါက စိုက်ပျိုးပြီး(၁)ခွဲလအကြာတွင် အသီးများခူးဆွတ်ရောင်းချလိုရပြီဖြစ်ကြောင်း သိရသည်။
ဘူးသီးတစ်လုံးကို ငွေကျပ်(၆၀၀)ကျပ်ဖြင့် ရောင်းချကာ (၅)ရက် တစ်ပတ်ကိုအလုံး (၃၀) ခူးဆွတ်ရပြီး အိမ်အသုံးစရိတ်ရကြောင်း ဘူးပင်စိုက်ပျိုးသူ ဒေါ်စန်းမြင့်ကြည်ထံက သိရသည်။
ခရိုင်(ပြန်/ဆက်)