ဟိုပုံး နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာ စာသင် ကျောင်းများယနေ့နံနက်(၈)နာရီအချိန်မှ ပြန်လည်ဖွင့်လှစ်ကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်း ခွဲ(၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၈)ကျောင်း၊ အခြေခံပညာအလယ်တန်း ကျောင်းခွဲ (၁၄)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း(၁၉)ကျောင်း၊ အခြေခံပညာမူလတန်း ကျောင်း (၁၁၂) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၁၇)ကျောင်းရှိပြီး ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ကြားချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့ကြကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)