လွိုင်ကော် နိုဝင်ဘာ ၃၀
ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ကယား ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ရယူထားသည့် ဟိုတယ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၃)ခုက လုပ်ငန်းယာယီရပ်ဆိုင်းခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြ လာမှု၊ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခုအား Video Conferencing စနှစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခဲ့ခြင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၏ ခရီးစဉ်လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ De Heus Myanmar Limited ၏ မျိုးရင်းဝက်မွေးမြူ ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ အကြံပြုချက်များ စသည်တို့ကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးခင်မောင်ဦးနှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လိုအပ် သည်များအား ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)