မြဝတီမြို့၌  အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်(၂)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မြဝတီ နိုဝင်ဘာ ၃၀

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးကွပ်ကွဲမှု အောက်ရှိ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ် တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်တွင်  အဆိုပါ သင်တန်းကျောင်းသင်တန်းခန်းမ၌ ကျင်းပရာ  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်မှတက်ရောက်၍ သင်တန်း ဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းမှ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လှူဒါန်းသည့်ပစ္စည်းများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ  ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများနှင့် ခေတ်မီဒီဇိုင်းလက်များကို လိုက်လံကြည့်ရှု ကြသည်။

အဆိုပါသင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှုသင်တန်းသူ(၄၀)ဦး တတ်ရောက်ကြပြီး သင်တန်းကာ လမှာ ၃၀-၁၁-၂၀၂၁ ရက်နေ့မှ ၃၁-၃-၂၀၂၂ ရက်နေ့အထိ ရက်သတ္တ(၁၈) ပတ်ကြာသင်ကြား ပို့ချ ပေးသွားမည်ဖြစ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင်းရေးဦးစီးဌာန ကရင် ပြည်နယ်ဦး စီးမှုးရုံးကွပ်ကွဲမှုအောက်ရှိ မြဝတီမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထံမှ သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)