အမြို့မြို့အနယ်နယ်သတင်းများ

Nov 30,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မန်းကျိုးကျေးရွာတွင် မိုးနှောင်းကာလ ဆောင်းသီးနှံ ပဲတီစိမ်းများ စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်၍ အပြိုင်အဆိုင် အားထား စိုက်ပျိုးလာကြကြောင်း မန်းကျိုး ကျေးရွာအုပ်စု ဒေသခံ တောင်သူများထံမှ သိရသည်။
Nov 30,2021
စစ်တွေမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သစ်သီးဝလံ အခြေခံ စားသောက်ကုန် ပြုလုပ်နည်းသင်တန်းကို စစ်တွေမြို့နယ် ရွှေပြည်သာကျေးရွာတွင် ရက် ၂၀ ကြာဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
Nov 30,2021
ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီစပါးသီးနှံကွင်းသရုပ်ပြပွဲနှင့် စပါးဖြုတ်ပိုးကာကွယ်နှိမ်နှင်းနည်းများကွင်းသရုပ်ပွဲမတ္တရာမြို့နယ် ကျောက်တံတားသုတေသနခြံ၌ ယနေ့ နံနက်  ၉နာရီ ကျင်းပပြုလုပ်ခဲ့သည်။
Nov 30,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ယနေ့နံနက်က မြို့နယ်အားကစားရုံ၊ မြို့အဝင်စစ်ဆေးရေး ဂိတ်နှင့် ကျေးရွာဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံခဲ့သည်။
Nov 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနှင့် အမျိုးသမီးအသင်း (Women Club) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ လက်မှုပညာ (အခြေခံစက်ချုပ်ပညာ ဘောင်းဘီတို /ရှည်ညှပ်နည်း) သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ဖွင့်လှစ် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
Nov 30,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှု   အမြန်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်   သံဃာတော်များ၊   အသက်(၁၈) နှစ်အထက် ဒေသခံပြည်သူများ၊    အကြောင်းအမျိုးမျိုးကြောင့်   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ နေသေးသည့်  ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံ့ဝန်ထမ်းများနှင့်  ဈေးရောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒီဇင်ဘာလ(၁)ရက် နေ့တွင် လူဦးရေအယောက်(၇၀၀)အား စတင်ထိုးနှံပေးမည်ဖြစ်ကြောင်း  သိရသည်။
Nov 30,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် ၄၉၂၊ တောင်သူဒေါ်ရွှေဝ၏ မိုးစပါးတင်း ၁၀၀ ထွက်ရှိရေးစံပြကွက်၊ ဧရာမင်းမျိုးစပါး နှစ်ဧကတွင် ယမန်နေ့ နံနက် ၇နာရီက စံကွက်ရိတ်သိမ်းကြောင်း သိရသည်။