အောင်မြေသာစံမြို့နယ်မြို့နယ်တွင် ဈေးများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

အောင်မြေသာစံ   ဒီဇင်ဘာ  ၁

မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်မြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်ကမ်းနားလမ်းရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကြီးကြပ်မှုအောက်ရှိ သီရိမာလာဈေးသို့ ယ‌နေ့ နံနက်ပိုင်းက မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ဈေးအကျိုးတော်ဆောင်ဥက္ကဋ္ဌနှင့်အဖွဲ့များ ပူးပေါင်း ၍ ယင်းဈေးရှိ ငါးတန်း၊ပန်းတန်း၊ ကုန်စိမ်းတန်း၊ကားပစ္စည်းတန်းများ ဖွင့်လှစ်ရောင်းချမှုတွင် သုံးစွဲလျက်ရှိသော လျှပ်စစ်ဝါယာ ကြိုးသွယ်တန်းမှု၊ သုံးရေရှိမှု၊ မီးသတ်ကားများအလွယ်တကူ ဝင်ထွက်သွားလာနိုင်မှု၊ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဆောင်ရွက်ထားရှိမှုအခြေ အနေများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ဈေးများမီးလောင်မှု မဖြစ်ပွားစေရေးနှင့် စနစ်တကျသုံးစွဲရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်/စံ(ပြန်/ဆက်)