ကော့မှူး ဒီဇင်ဘာ ၁
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး အတွက် မြို့နယ်အတွင်း ဖြတ်သန်းသွားလာကြသည့် ခရီးသည်ယာဉ်များ၊ မြေသယ်ယာဉ်များနှင့် ဆိုက်ကယ်များအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် အညီ မောင်နင်မှုရှိ၊ မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက မြို့သစ်ရပ်ကွက်၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးခြင်း ကော်မတီဝင်များ ပူးပေါင်းပါဝင်သော အဖွဲ့များမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက် များ၊ လိုင်စင်မဲ့မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် စီးနင်းသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ် ဝတ်ဆင်မောင်းနှင်ကြရန်၊ အရက်သေစာ သောက်စား၍ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား မောင်းနှင်ခြင်း ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် အညီ မောင်းနှင်ကြစေရေးအတွက် အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ်၊ မော်တော်ဆိုင်များနှင့် ဆိုက်ကားများပေါ်တွင် လိုက်ပါစီးနင်းသူများနှင့် လမ်းသွား လမ်းလာများအား ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့် အညီ နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာရေး စစ်ဆေးပြီး နှာခေါင်းစည်း Mask မတပ် ဆင်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင့်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်သူရ ကော့မှူး