လပွတ္တာမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာ အရန်မီးသတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကျင်းပ

လပွတ္တာ           ဒီဇင်ဘာ         

ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အရန်မီးသတ်ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲကို လပွတ္တာမြို့နယ် မီးသတ်စခန်း၌ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် လပွတ္တာခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မျိုးမြင့် က မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ အရန်မီးသတ်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ရပ်ကွက်ကျေးရွာများတွင် မီးကင်းထားရှိစောင့် ကြည့်မှုများကို မီးဘေးလုံခြုံရေးစီမံချက်နှင့်အညီ အဓိကမီးဘေးစိုးရိမ်ရသော နေရာများတွင် မီးကင်းများ ဖွင့်လှစ်ဆောင်ရွက်သွားကြရန်၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ အင်အားတိုးချဲ့ဖွဲ့စည်းပြီး ရပ်ရွာမီးဘေးလုံခြုံရေးအတွက် မီးသတိပြုရေး၊ မီးဘေးကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပြီး ရပ်ကွက်ကျေးရွာများမှ အရန်မီးသတ် ခေါင်းဆောင်များက မိမိဆောင်ရွက်လျက်ရှိသော အကြောင်းအရာများ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လပွတ္တာခရိုင် (ပြန်/ဆက်)