ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာ၌ ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ အဆောက်အဦ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပခုက္ကူ ဒီဇင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ အဆောက်အဦ (Multi-Purpose Shelter) ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေ များအား ယနေ့နံနက် ၉ နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာ ပခုက္ကူမြို့နယ်တည်‌ဆောက်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေနှင့် ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန(ရုံးချုပ်) ခွင့်ပြုငွေကျပ် ၁၈၃ ဒသမ ၆၃၅ သန်းဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် အလျား ၇၀ပေ၊ အနံ ၆၀ပေ၊ အမြင့် ၂၁ ပေရှိသည့် ဘက်စုံသုံးမုန်တိုင်းဘေးဒဏ်ခံ ( Multi-Purpose Shelter) အဆောက်အဦ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး တာဝန်ယူတည် ဆောက်သည့် Best Synergy Construction ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာများနှင့် တွေ့ဆုံကာ လုပ်ငန်းရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်ကြရန် အကြံပြုဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)