ဘုရားသုံးဆူမြို့၊ ပြောင်မထိမ်ကျေးရွာအုပ်စု၊ ဂျပန်ရေတွင်းကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ်ဆက်လက်ထိုးနှံ

ဘုရားသုံးဆူ  ဒီဇင်ဘာ  ၁

ကရင်ပြည်နယ်၊ကော့ကရိတ်ခရိုင်၊ဘုရားသုံးဆူမြို့တွင် မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ရေအလိုက်စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ဆောင်ရွက်မှုအား ဘုရားသုံးဆူမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဘုရား သုံးဆူမြို့ကြက်ခြေနီတပ်ဖွဲ့ဝင်များဖြင့်ပူပေါင်း၍ ပြောင်မထိမ်ကျေးရွာအုပ်စု၊ ဂျပန်ရေတွင်း ကျေးရွာ တွင် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ပြီး  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံမှုတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးနှင့်ပတ်သက်သည့် ရှောင်ရန်ဆောင်ရန်များကို ဗစ်ရောဂါနှင့်သက်ဆိုင်သည့် အသိပညာ ပေးဆောင်ရွက်မှုခဲ့ပြီး  ဂျပန်ရေတွင်းကျေးရွာတွင် ပထမအကြိမ်ထိုးနှံဆောင်ရွက်ပြီးစီး သူဦးရေ (၁၈၅) ဦးရှိသည်ဟုသိရသည်။

အောင်သူဟိန်း(ပြန်/ဆက်)