မြောင်းမြမြို့တွင်ပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး

မြောင်းမြမြို့  ဒီဇင်ဘာ  

ဧရာ၀တီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊​​ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီအနေဖြင့် ကိုဗစ်ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် ပိုင်းက မြောင်းမြမြို့နယ် ရွှေသာလျောင်းဘုရားဝန်းအတွင်း တွင် အသက်(၁၈)နှစ်နဲ့အထက် ပြည်သူများအား Sinophram ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ်နှင့် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးရမည့် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးပေးရာတွင် ပြည်သူများကို စုရပ်များခွဲ၍ ကာကွယ်ဆေးများ ထိုးပေးခဲ့ပြီး ခရိုင်နှင့်မြို့နယ်ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များမှ လာရောက်၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးကြောင်း သိရသည်။