Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြိတ်မြို့၌ မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း စံကွက်ရိတ်သိမ်း
Dec 02,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၏ ဒေသဝမ်းစာ ဖူလုံရေးအတွက် အထွက်တိုး မိုးစပါးများ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရန်၊ ဒေသထွက် ဆန်စပါးလောက်ငှမှု ရှိမရှိသိရှိနိုင်ရန်နှင့် မိုးစပါးအထွက်နှုန်း မှတ်တမ်းတင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူးကျေးရွာရှိ တောင်သူ ဦးအေးလွင်၏ မျိုးသန့်မျိုးစေ့ ထုတ် ဆင်းသုခမိုးစပါးစိုက်ခင်းတွင် ယမန်နေ့က ရိတ်သိမ်းချွေလှေ့စက်ဖြင့် စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်
Dec 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိဒေသနေ ပြည်သူများကျန်းမာရေး အသိပညာဗဟုသုတ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ အသိပညာပေးခြင်း လုပ်ငန်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ပုံမှန်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အသက်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရှမ်းရွာသစ်မြို့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု တားဆီးကာကွယ်ရေး အသိပေးနှိုးဆော်
Dec 02,2021
ရှမ်းပြည်နယ် ညောင်ရွှေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို အများပြည်သူ သိရှိနိုင်စေရန်အတွက် လက်ကိုင်အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းဆောင်ရွက်
Dec 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် နိုဝင်ဘာလ၂၂ရက်နေ့မှစ၍ ဒီဇင်ဘာ (၁) ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းဆောင်ရွက်
Dec 02,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများအား ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး ရှားပင်ကျေးရွာတွင် ကျေးရွာမြစိမ်းရောင် စီမံကိန်း အတိုးရ ငွေ(၅၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရာ ယခုအခါ (၆၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းအေးသာစံမြို့နယ်တွင် COVID - 19ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံပေး
Dec 02,2021
ချမ်းအေးသာစံမြို့နယ်တွင် COVID - 19ရောဂါ ကာကွယ်ဆေးများ Phase-4 First Dose ထိုးနှံ ပေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စုရပ်များတွင် ထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့ (ဘက)မူလွန်ရွှေကျောင်းနှင့်(ဘက)မူလွန်ရှားတောတာခွကျောင်းတို့မှအသက် (၁၂)နှစ်အထက် ကိုရင်၊ ကျောင်းသား ၊ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ဒု…
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့ (ဘက)မူလွန်ရွှေကျောင်းနှင့်(ဘက)မူလွန်ရှားတောတာခွ ကျောင်းတို့မှ အသက် (၁၂)နှစ်အထက် ကိုရင်၊ ကျောင်းသား၊ ကျောင်းသူများကို မြန်အောင်မြို့ပရဟိတမြို့ရွှေကျောင်းတိုက်တွင် ယနေ့နံနက်က ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်စလူမြို့တွင် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinovac ) ဒုတိယအကြိမ်ထိုးနှံပေး
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ရှိအခြေခံပညာမူလွန်ကျောင်း၊ အလယ်တန်းကျောင်းများနှင့် အထက်တန်းကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကာကွယ်ဆေးထိုးနှံသည့်စုရပ်ဖြစ်သည့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23816
Page
23817
Page
23818
Page
23819
Current page
23820
Page
23821
Page
23822
Page
23823
Page
23824
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department