ဓနုဖြူ ဒီဇင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ သပြုကျေးရွာအုပ်စု၊ ကဇင်းတောကျွန်းကျေးရွာတွင် ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂(ပ)၆လ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်း ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကြောင်းအထောက်အကူပြု အခြေခံအပ်ချုပ်စက်သင်တန်းအား (၁.၁၁.၂၀၂၁)ရက်နေ့မှ (၃၀.၁၁.၂၀၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သပြုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၄)ရွာမှ သင်တန်းသူ(၃၀)ဦးကို ဘာသာရပ်(၁၀)မျိုးအား စာတွေ့၊ လက်တွေ့ အခမဲ့သင်ကြားပေးခဲ့ကြောင်းသိရသည်။