မိုင်းဖြတ်မြို့နယ် ပြည်သူ(၅၂၁)ဦးကိုကိုဗစ်-၁၉​ရောဂါ ရှိ/မရှိ (အခမဲ့)စစ်​ဆေး​ပေးရာ ရောဂါပိုးမတွေ့

မိုင်းဖြတ်  ​ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉​ရောဂါ ကူးစက်မှုများ ပပျောက်စေရေးအတွက် အထူးစီမံချက်ဖြင့်  ​ရောဂါစစ်ဆေးမှုများကို နေ့စဉ်ကွင်းစစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  ပြည်ထောင်စုလမ်းမကြီးပေါ်၌ သက်ဆိုင်ရာပူး​ပေါင်းအဖွဲ့က   ဖြတ်သန်းသွား လာနေ ကြသည့် မိဘပြည်သူများကို  ရောဂါစစ်ဆေးမှုများ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်​​ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉​ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ​ရေး​ကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်၊ ​ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန် ရှိဌာနဆိုင်ရာများ  မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 FeverClinicမှ  ကျန်းမာ​ရေးဝန်ထမ်းများ၊ ကြက်​ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသူများ စုစု​ပေါင်း (၅၁၆)ဦးကို ကိုဗစ်-၁၉​ရောဂါ ရှိ/မ​ရှိ RTD Test kitဖြင့် စစ်​ဆေးခဲ့ရာ ​​ကိုဗစ်-၁၉ရောဂါ မတွေ့ ကြောင်းသိရသည်။

အလားတူ မြို့နယ်ပြည်သူ့​ဆေးရုံရှိ Covid-19 Fever Clinic၌  လာ​ရောက်စစ်​ဆေးသူ (၅)ဦးကို  စစ်​ဆေး​ပေးခဲ့ရာ ကိုဗစ်-၁၉​ရောဂါ စစ်​ဆေး​မတွေ့ရှိကြောင်း သိရသည်။ မိုင်းဖြတ်မြို့နယ်တွင်  ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၁ရက်နေ့အတထိ  ​ရောဂါပိုး​တွေ့ရှိသူ (၁၀၁၂)ဦး အတည်ပြုစစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ (၉၈၇)ဦး၊ ဆေးကုသမှုခံယူနေသူ (၁၅)ဦးနှင့် သေဆုံးသူ (၁၀)ဦးအထိရှိကြောင်း သိရသည်။ 

​သန်းထွန်း​အေး