တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကထားဝယ်မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်းများသို့ ဆန်အိတ်များထောက်ပံ့ လှူဒါန်း

ထားဝယ်     ဒီဇင်ဘာ    ၁

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့မွန်းလွဲပိုင်း တွင် ထားဝယ်မြို့ပေါ်ရှိဘုန်းတော်ကြီး ကျောင်းများသို့ဆန်အိတ်များ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများ ကဆရာတော်များ ထံမှဩဝါဒစကားနာယူပြီး ကျောင်းအိပ်ကျောင်းစားပညာသင်ယူနေကြသည့် ကျောင်းသား/ ကျောင်းသူများ၏ နေထိုင်စားသောက်ရေး ပညာသင်ကြားရေးအခြေအနေများအား မေးမြန်း လျှောက်ထားသည်။

ထိုနောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဇေယျာဘုမ္မိကျောင်းတွင် ဆန်အိတ်(၂၅)အိတ်၊ လေးထပ်ကျောင်းတွင် ဆန်အိတ် (၂၅)အိတ်၊ ဆန္ဒသီရိသီလရှင်ကျောင်းတွင်ဆန်အိတ်(၃၅)အိတ်နှင့် ပခုက္ကူကျောင်းတွင်ဆန်အိတ်(၁၀) အိတ်တို့ကို ထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)