အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပခဲ့ သည်။
Dec 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင်  မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက် (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Dec 02,2021
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုနှစ်(ပ) (၆)လဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ‌ငွေဖြင့် ဆောင်ရွက်သော မော်တာအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အုပ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 02,2021
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ဒီဇင်ဘာလ ၂ ရက် နံနက် ၉ နာရီအချိန်မှစ၍ အသက်(၁၈)နှစ်ပြည့်ပြီးသော ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊အမာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
Dec 02,2021
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပြန်ကြားရးနှင့် ပြည်သူ့ဆက်ဆံရးဦးစီးဌာန Community Centre တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပခဲ့သည်။
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၄၀)နှစ်နှင့်အထက် ပြည်သူ များနှင့် သတ်မှတ်ဦးတည် အုပ်စုတွင် ပါဝင်သူများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 02,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများ ရရှိစေရန် စေတနာရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒီသာများ ကျွေးမွေးလှူဒါန်းလျှက် ရှိကြောင်း သိရသည်။