အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။ 
Dec 02,2021
ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ဒီဇင်ဘာလ(၁)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ တော်လတီကျေးရွာအုပ်စု၊ တော်လတီကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတွင် အခြေခံစက်ချုပ်သင်တန်း (၂/၂၀၂၁)ကို ဖွင့်လှစ်ခဲ့ကြောင်း တိုက်ကြီးမြို့နယ်​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Dec 02,2021
ရန်ကုန်အနောက်ပိုင်းခရိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင် ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို ပထမအကြိမ် (Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆေးထိုးနှံရာတွင် အသက်(၄၀)နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူ လူဦးရေ စုစုပေါင်း(၃၇၀)ဦးကို ၎င်းအသက်(၄၅)နှစ်မှ (၅၄)နှစ်ရှိ ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် (Sinopharm) ကာကွယ်ဆေးကို လူဦးရေ စုစုပေါင်း(၁၂၉၅)ဦးတို့အား အသီးသီး ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
Dec 02,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်းများ သတ်မှတ်ကာလ အတွင်းပြီးစီး နိုင်ရေးအတွက်ယမန်နေ့နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် လူဝန်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိတို့ကမြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့သွားရောက်၍ လုပ်ငန်းများ ဆောင်ရွက် နေမှုအားကြည့်ရှု့စစ်ဆေး ခဲ့ကြောင်းသိရသည်။
Dec 02,2021
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ ယနေ့ နံနက် ၉ နာရီအချိန်တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စာပေသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Dec 02,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ အသက်တစ်နှစ်မှ မွေးကင်းစကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက် ၉ နာရီမှစတင်ကာ အောင်သုခရပ်ကွက်ရှိ ကျန်းမာရေး ဆေးခန်း၌ ဆောင်ရွက် ပေးလျက်ရှိသည်။
Dec 02,2021
ပဲခူးတိုင်း​ဒေသကြီး ​တောင်ငူခရိုင် ​ရေတာရှည်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်​အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ (၁) ရက် ည​နေ (၃)နာရီအချိန်တွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။