လှိုင်းဘွဲ ဒီဇင်ဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရပ်ကွက်များတွင် ပြည်သူများအနေဖြင့် တန်ဆောင်မုန်းလအတွင်း ကုသိုလ်တရားများ ရရှိစေရန် စေတနာရှင်များက မိမိရပ်ကွက်အတွင်းတွင် စတုဒီသာများ ကျွေးမွေးလှူဒါန်းလျှက် ရှိကြောင်း သိရသည်။
“နှစ်စဉ်နှစ်တိုင်းလိုလို ဒီတန်ဆောင်မုန်းလမှာ စတုဒီသာများ ကျွေးမွေးကြပါတယ်။ ရပ်ကွက်များမှာ ရှိတဲ့ စေတနာရှင်များက စုပေါင်းပြီးတော့ တတ်နိုင်သလောက် ထမင်း/ဟင်း၊ ငပိရည်၊ တာလပေါ့၊ တို့စရာ ကောင်းကောင်းလေးနဲ့ ကျွေးမွေးကြတယ်၊ တစ်ချို့ရပ်ကွက်ဆိုရင် သူတို့တတ်နိုင်သလောက် မုန့်ဟင်းခါး/ အအေးတိုက်ကြတာပေါ့၊ တတ်နိုင်တဲ့အလှူရှင်များကဆိုရင် ထမင်း/ဟင်း အပြင် အချိုရည်/ရေခဲမုန့်/ ကံစမ်းမဲအစီအစဉ်တွေပါ ပြုလုပ်ပေး ကြတာပေါ့၊ အဲ့လို လုပ်နိုင်ရင်တော့ လာစားတဲ့ ပြည်သူများ/ ဧည့်သည်များ ပိုပျော်တာပေါ့၊ အလှူလုပ်တာ ပျော်လည်းပျော်ရသလို ကုသိုလ်လဲ ရတာပေါ့၊ ရပ်ကွက်အလိုက် ပုံမှန်လုပ်နေကြဆိုတော့ ကုသိုလ်လည်းရသလို စည်းစည်းလုံးလုံးလဲ လုပ်ကြတယ်၊ လာစားတဲ့ပြည်သူများရင် အလှူရှင်အနေနဲ့ အရမ်းဝမ်းသာပီတိဖြစ်ရတာပေါ့”ဟု လှိုင်းဘွဲမြို့ (ခ)ရပ်ကွက်နေ စေတနာရှင် တစ်ဦးက ပြောကြား ခဲ့ပါတယ်။
စောဒိ (ပြန် / ဆက်)