အမြို့မြို့အနယ်နယ်သတင်းများ

Dec 02,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်း တို့တွင် ပညာသင်ယူ လျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှကြိုတင် ကာကွယ် နိုင်ရန်အတွက် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာ ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာလ(၁)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၈၅၀၉)ဦး ထိုးနှံပေးခဲ့ပြီး ဖြစ်သည်။
Dec 02,2021
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသော အသက်(၁၂)နှစ် အထက် အလယ်တန်း/ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)(ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က‌ ကော့မှူး၌ ထိုးနှံပေးနေကြောင်း သိရသည်။
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့ပေါ်ရပ်ကွက်များနှင့် စည်ပင်သာယာ မြို့မဈေးကြီးတွင် အသိပညာပေး နှိုးဆော်​​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 02,2021
ရခိုင်ပြည်နယ်အဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ (၉/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 02,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၅ (ဟဲဟိုးချိုင့်ဝှမ်း စီမံကိန်းကွင်း)၊ ဦးပိုင်အမှတ်(၉၅)၊ ဧရိယာ(၁.၉၅) ဧကရှိ တောင်သူ ဦးတင်ဝင်း၏ မိုးစပါး(လယ်) နံ့သာမွှေး(Basamati) စပါးမျိုးအား နိုဝင်ဘာနောက်ဆုံးအပတ်တွင် စပါးရိတ်သိမ်းချွေလွင့်စက်ဖြင့် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
Dec 02,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူများနှင့် ကလေး‌ငယ်များအတွက် အသိပညာဗဟု သုတတိုးပွါးစေရန် Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ရိုက်ကူး၍ ပြည်သူ့စာကြည့်တိုက် Pageတွင် လွှင့်တင်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Dec 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်  မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 02,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမ အကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ က ဇော်ဂျီရပ်ကွက်အတွင်းရှိ ရဿဝတီခန်းမ၌ တာဝန်ရှိသူများက ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။