ပေါက်ခေါင်းမြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်း ဖွင့်လှစ်

ပေါက်ခေါင်း ဒီဇင်ဘာ ၂

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုနှစ်(ပ) (၆)လဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံ‌ငွေဖြင့် ဆောင်ရွက်သော မော်တာအပ်ချုပ်စက် သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အုပ်ပုံကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် ပြည်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးဇော်တို့က တက်ရောက်အမှာစကားများ ပြောကြားသည်။ ၎င်းသင်တန်းသို့ ဘန့်ပြင်ကျေးရွာ အုပ်စုမှ ကျေးရွာများနှင့် အုပ်ပုံကျေးရွာမှ သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆရာများက စာတွေ့လက်တွေ့ (၁)လကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)