ကျောက်တံခါး ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက် (၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေး၊ မျက်စိအားဆေး၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန် ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင်အား ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းများအား ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးသင်းနှင့် အမျိုးသမီး ရေးရာအဖွဲ့တို့က ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက် ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေး ထိုးဆေး တိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စန်းစန်း