အမာ ဒီဇင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊အမာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီက စာဖတ်ဝိုင်း ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းပြုလုပ်ရာတွင် စာရေးဆရာ မောင်နေခြည်(ပြည်)၏ နှလုံးသားထဲကခဲလက်ရေး စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း၊ ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနော်လေးလီယန်က စာပေချစ်သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကိုယုံကြည်မှုရှိပြီး အမှားအမှန်ကို ကိုယ်တိုင်ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော (Book Club) အသင်းမှ စာအုပ်စာစောင်ချစ်မြတ်နိုး သူများက စာအုပ်တွင်ပါရှိသော ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်အကျဉ်းချုပ် ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်
အဆိုပါစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် တစ်လနှစ်ကြိမ် လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အမာ(ပြန်/ဆက်)