ညောင်လေးပင် ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ဒီဇင်ဘာလ ၂ ရက် နံနက် ၉ နာရီအချိန်မှစ၍ အသက်(၁၈)နှစ်ပြည့်ပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ဦးတည်အုပ်စု (၂၃)အုပ်စုတွင် ပါဝင်သော အသက်(၁၈)နှစ်အထက် ပြည်သူများအား ညောင်လေးပင်မြို့ မြို့မ (၁)ရပ်ကွက်ရှိ မဟာတိလောက သယမ္ဘူဘုရားကြီးဝန်းအတွင်း၌ ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်ဆက်)